Sunday 29 September 2013

Aung San Suu Kyi's Speech to Myanmar Community in Singapore, 22 Septembe...






ဒေါ်အောင်ဆန်းစုကြည်၏ စင်္ကာပူနိုင်ငံ မြန်မာကလပ်တွင် တွေ့ဆုံပြောကြားခဲ့သည့်မိန့်ခွန်း
-  မှတ်သားစရာတွေအများကြီးပါ။ ဒီမိုကရေစီ၏အနှစ်သာရဆိုတာဘာလဲ၊စမ်းတ၀ါးဝါးနဲ့ပြုလုပ်နေတဲ့    ဒီမိုကရေစီအကြောင်းဆိုတာဘာလဲ။ လူငယ်တွေရော အားလုံးသော ပြည်သူတွေမှတ်သားထားသင့်ပါတယ်။
ဒါကြောင့်မို့ MC Page မှ ပြန်လည်ကူးယူပြီး Share ပေးလိုက်တာပါ။ ကြည့်စေချင်လို့ပါ။

Burma VJ (Saffron Revolution)



သံဃာအရေးအခင်းဖြစ်စဉ်မှတ်တမ်း(စက်တင်ဘာလ၊၂၀၀၇ ခုနှစ်)
သမိုင်းဆိုတာ မှတ်တမ်းတစ်ခုပါ။ မှတ်တမ်းဆိုတာ တစ်ချိန်မှာ ပြန်လှန်ကြည့်လို့ရတယ်။ သတိရစရာဆိုရင် သတိရစေတယ်။ အဲ့ဒါမှတ်တမ်းပါ။ အဲ့ဒီမှတ်တမ်းတွေကို မှန်ကန်စွာ သိမ်းဆည်းတတ်ပြီး အစဉ်အဆက်ချပြ တတ်တာ သမိုင်းဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုပါ။ (Burma VJ စီကနေ ပြန်ပြီး Share ထားတာပါ။) မှတ်တမ်းအဖြစ်ထားရှိပြီး၊ သမိုင်းတကွေ့မှာ ထင်ကျန်စေချင်လို့ပါ။ နောင်လာနောင်သားတွေကို သိရအောင်လို့ပါ။

Friday 26 April 2013

ဒေါ်အောင်ဆန်းစုကြည် ၏ ဂျပန်ပြည်ခရီးစဉ်အတွင်း RFA ၏ မေးမြန်းချက်များ


ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ပြည်ခရီးစဉ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံများ ပြန်လည်ပြောဆိုခဲ့ မှုများ၊ ရှင်းလင်းမှုများဟာ အားရစရာတွေပါ။ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Tuesday 12 February 2013

ဗိုလ်ချုပ်မွေးနေ့နဲ့ပြည်ထောင်စုစိတ်ဓါတ်

(12-2-2013)မြန်မာနိုင်ငံတော်ကြီးရဲ့ (၆၆)နှစ်မြောက် ပြည့်ထောင်စုနေ့ဖြစ် တယ်။(13-2-2013)နေ့ အဲ့ဒီပြည်ထောင်စုနေ့ကြီးဖြစ်ပေါ်လာဖို့အတွက် အသက်စွန့်ကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ဖြစ်တယ်။သူတို့တွေအသက်ပေးပြီး ရယူခဲ့ တဲ့ လွတ်လပ်ရေး ကြီးနဲ့ပြည်ထောင်စုတိုင်းရင်းသားများသွေးစည်းညီညွှတ် ရေးအတွက်တည်ဆောက်ကြိုးပမ်းခဲ့တဲ့ ပင်လုံညီ လာခံ အောင်ပွဲကြီးတွေကို မေ့ထားလို့ မဖြစ်ပါဘူး။
ပြည်ထောင်စုနေ့ကြီးပေါ်ထွန်းလာတာ (၆၆)နှစ်ရှိသွားပြီ၊ဒါပေမဲ့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ် နဲ့ နိုင်ငံတော်ကြီးမပေါ်ပေါက် ခဲ့ဘူး။ မြန်မာပြည် လွတ်လပ်ရေးရတာ (၆၅)နှစ်ပြည့်ခဲ့ပါပြီ၊ တကယ် လွတ်လပ်မှုဆိုတာ ကျွန်တော့်တစ်သက်မခံစားခဲ့ရသေးဘူး။ စည်းလုံးညီညွှတ်မှုတွေပြိုကွဲနေကျ တယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး စည်းလုံးညီညွှတ်မှုတွေ ဒီလိုဘဲ ဆက်လက်ပြိုကွဲနေ ကျမယ်ဆိုရင် ကျွန်တောတို့ အားလုံးမျှော်လင့်တောင်း တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေ စီနိုင်ငံ တော်ကြီးဆိုတာ အဝေးကြီးကိုရောက်သွားပြီ၊ အဲ့ဒါနဲ့ဆက်သွယ်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီးပေါ်ပေါက်ဖို့ဆိုတာ ဘယ်မှာလည်း၊ ကျွန်တော်ဥာဏ်မီသလောက်တွေးကြည့်တာပါ။ ကျွန်တော်တို့ဟာ တမြေတည်းနေ တရေတည်းသောက်၊ တစ်ခရီးတည်း သွားနေကျတဲ့ ညီအစ်ကို မောင်နှမတွေ ပါ၊အမိမြန်မာနိုင်ငံတော်ကြီးထဲမှာ အတူနေကျတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမချင်းတွေ ဘာဖြစ်လို့ မတည့်ဖြစ်နေကျသလဲ၊ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေရဲ့ စနစ်ဆိုးတွေကြောင့် လို့တချို့က ပြောကျတယ်။ တချို့က ဗမာတွေကြောင့်လို့ပြောကြတယ်။ အဲ့ဒီလိုသွေးကွဲတဲ့ စကားတွေပြောနေကျမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့် တောင်းတနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဘယ်မှာပေါ်ပေါက်လာ မလဲ၊ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ဘယ်လောက်ဘဲ မကောင်းဖြစ်နေပါစေ၊ ကျွန်တော်တို့တိုင်းသူ/ပြည်သား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး သွေးစည်းညီညွတ်ကျမယ်ဆိုရင် ဒီလို မကောင်းတဲ့၊ ယုတ်မာတဲ့ အစိုးရမျိုးပေါ်ပေါက်ဖို့ဆိုတာ ဘယ်မှာ ရှိနိုင်မှာလဲ၊ လွတ်လပ်ရေးဖခင်ကြီး၊ပြည်ထောင်စုဗိသုကာကြီး ပင်လုံစာချုပ်ရဲ့ ကြိုးပမ်းသူကြီး ဗိုလ်ချုပ်အောင်ဆန်းကို ပြန်လည်သတိရသင့်ပါတယ်။ မိမိရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စွန့်လွတ်ပြီး တိုင်းရင်းသား ညီအစ် ကိုမောင်နှမတွေ သွေးစည်း ညီညွှတ်စွာနဲ့ နေနိုင်အောင် သူတို့ရဲ့ အသက်သွေးချွေးတွေ စတေးခဲ့ကြ တယ်။ ဒါကိုကျွန်တော်တို့ ဘယ်တော့မှ မေ့လို့မရပါဘူး။ မေ့ထားလို့မဖြစ်ပါဘူး။ ဗိုလ်ချုပ်ပြောခဲ့တယ်၊ ရရင်ရ မရရင်ချတဲ့ ဒါဟာ တိုင်းတပါးသားကျူးကျော်သူတွေအတွက် ပြောခဲ့ တယ်လို့တွေးမိပါတယ်။ အခုဟာ ကျွန်တော် တို့ မြန်မာနိုင်ငံသား တိုင်းရင်း သားအချင်းချင်း သွေးစည်းညီညွတ်မှု ပျက်စီးပြီး ရန်ဖြစ်နေ ကျတယ်။ ဒါကို ဘယ်သူကလုပ်သလဲ၊ ဒီလိုဖြစ်အောင် ဘယ်သူတွေ ဖန်တီးခဲ့သလဲ၊ အဖြေရှာဖို့ အချိန်တန်နေပါပြီ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး စည်းလုံးညီညွှတ်ဖို့ အချိန်တန်ပါပြီ၊ တကယ်လို့များ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကလုပ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့တတွေ ဘာဖြစ်လို့ ပြန်ပြီး မတွန်း လှန်နိုင် ပါသလဲ၊ သူတို့က လူနဲစုပါ။ ကျွန်တော်တို့ တိုင်းသူ/ပြည်သားတွေ အားလုံး စည်းလုံးညီညွတ်နေ ကျမယ်၊တိုင်းရင်းသားအချင်း ချင်း သွေးစည်း ညီညွတ်နေကျမယ်ဆိုရင် ဒီလိုမကောင်းတဲ့ တိုင်းပြည် အုပ်ချုပ်တဲ့သူတွေကို တွန်းလှန်နိုင် ပါတယ်။ ကျွန်တော်တို့ အားလုံးကို သူတို့တွေက စည်းလုံးညီညွှတ်မှု ပြိုကွဲအောင် လုပ်ထားတယ်လို့ဆိုရင် ကျွန်တော်တို့မြန်မာပြည်သား(တိုင်းရင်းသားညီအစ်ကိုမောင်နှမ)များအားလုံး သွေးစည်းညီညွတ်စွာနဲ့ တွန်းလှန်နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲ့ ကျေးဇူးသစ္စာ တရားကို စောင့်သိပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အားလုံး သံသယအမြင် ကင်းရှင်းစွာနဲ့ ဆက်လက် တိုက်ပွဲဝင်သွား ရင် အောင်မြင်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးနဲ့ ဒီမိုကရေ စီနိုင်ငံတော်ကြီးဖြစ်ပေါ် လာမှာပါ။ ကျွန်တော်တို့တွေ သွေးစည်းညီညွတ်ကျစို့လား၊ ဗိုလ်ချုပ်အောင်ဆန်း တို့လို့ စိတ်ဓါတ် မျိုးတွေ မွေးမြူကျပါစို့လား၊ သူတို့တွေ ရဲ့ ကျေးဇူးတရားကို မှတ်မိတယ်၊ ဗိုလ်ချုပ်ရဲ့ စွန့်လွတ်အနစ်နာ ခံတတ်တဲ့ စိတ်ဓါတ်ကို လေးစားတယ်ဆိုရင် သူတို့ကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်မှု (ပင်လုံညီလာခံကြီး)မျိုး ရရှိအောင် ပြန်လည် တည်ဆောက်ကြိုးပမ်း ကြပါစို့၊သံသယအမြင်တွေ ကင်းရှင်းကြပါစို့၊ ဒါမှ ယုတ်မာတဲ့ အစိုးရမျိုးမပေါ်ထွန်းနိုင်မှာပါ
တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဒီကနေ့ကျရောက်တဲ့ ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ ချစ်ချစ်ခင်ခင်နဲ့ အနာဂတ်အတွက် ကြိုးပမ်းကြပါစို့၊
(အမှားများပါရင်ခွင့်လွတ်ပေးပါ။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို အစဉ်လေးစားလျှက်ပါ။ ချစ်ခင်လျှက်ပါ။ကျွန်တော်တို့တွေ သံသယတွေ ဖျောက်ဖျက်ကြစို့လား၊ အားလုံးဟာအတူတူပါဘဲ။)

Friday 1 February 2013

ဟုတ်ကဲ့ တကယ်မပြောင်းလဲသေးပါ။


"ပြည်တွင်းစစ်ကြီး ဖြစ်နေတာတောင်မှ ကြားက ဒီမိုကရေစီက ဘယ်လိုရသွားတယ် မသိဘူး" ဆိုတဲ့ ဆရာ ချစ်ဦးညိုရဲ့ စကားကို သေချာ တွေးပြီး အဓိပ္ပါယ်တွေ အများကြီး ပါတယ်လို့ ခံစားမိတယ်။
အရင် ဗိုလ်ခင်ညွန့် တန်ခိုးအာဏာ ထွားနေတုန်းက “လှေပွဲ၊ နွားပွဲ၊ မြင်းပွဲ၊ မာရသွန်၊ လမ်းဖေါက်၊ တံတားဆောက်၊ ဆည်တူး၊ စက်ရုံဖွင့်၊ ရထားလမ်းဖွင့်၊ လယ်ကွင်းတွေကြည့်” .. အဲဒါတွေ လုပ်ပြီး တိုင်းပြည်အေးချမ်းနေပါတယ်။ လာဘ်စားတဲ့ ဗိုလ်ချုပ်တွေကိုလည်း အရေးယူပြခဲ့ပါတယ်။ အဲဒီလို တိုးတတ်နေပါတယ်ဆိုပြီး အမျိုးမျိုး သက်သေပြ သတ်မှတ်ခဲ့တယ်။
ဒီလို တိုးတတ်နေပါတယ်၊ အေးချမ်းနေပါတယ် ပြောနေရင်းနဲ့ပဲ …. တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ … တချိန်က မြန်မာနိုင်ငံရဲ့ နောက်မှာ ရှိနေတဲ့ .. ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား.. ဆိုတဲ့ အိမ်နီးချင်းတွေရဲ့ နောက်ကို ရောက်သွားခဲ့တယ်။ မြန်မာနိုင်ငံသားတွေ တခါမှ မစဉ်းစားဖူးတဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊မလေးရှား စတဲ့ နိုင်ငံတွေမှာ ရွေ့ပြောင်းအလုပ်သမား (တနည်း) ခေတ်သစ် ကျွန်ဇာတ်ကို မြန်မာနိုင်ငံသားတွေ “က” နေကြရတယ်။
အခုလည်း တိုင်းပြည်က ပြောင်းလဲ နေပါပြီ ဆိုပြီး လုပ်ပြနေပြန်တယ်။ ဒါပေမယ့် … မြန်မာပြည်ဟာ ဒီမိုကရေစီတိုင်းပြည် ဖြစ်နေပါတယ်ဆိုတာ ..
၁။ ရွေးကောက်ပွဲဆိုတာ ရှိရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၂။ စစ်ယူနီဖေါင်း ချွတ်ပြီး ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်းရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့မရဘူး
၃။ နိုင်ငံရေး အကျဉ်းသားတွေ အယောင်ပြ လွှတ်ပြရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၎။ အစကတည်းက မလုပ်သင့်တာတွေကို လုပ်ခဲ့ပြီး .. အဲဒီ မလုပ်သင့်တာတွေကို ခဏလောက်         ရပ်ပေးလိုက်ရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၅။ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ စကားပြောရုံနဲ့လည်း ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၆။ ပါလီမာန်ဆိုတဲ့ အဆောက်အအုံထဲမှာ ဟိုမေး၊ ဒီဖြေလုပ်နေရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၇။ အစကတည်းက မတားသင့်တဲ့ သတင်းစီးဆင်းမှု လုပ်ငန်းတွေ၊ ပြည်သူတွေ ပြောဆိုခွင့် အခွင့်အရေးတွေကို စံချိန် မမှီတမှီ ခွင့်ပေးရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၈။ လူ့အခွင့်အရေး ကော်မရှင် နာမည်တပ်ပြီး လူတစ်စုကို အဲဒီကော်မရှင်မှာ လုပ်ကွာလို့ ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၉။ တရားမဝင် အတည်ပြုထားတဲ့ အခြေခံဥပဒေကို လိုက်နာပါတယ် ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့မရဘူး
၁၀။ အလုပ်သမား သမဂ္ဂ (သူတို့အဆို) အလုပ်သမား အဖွဲ့အစည်းဖွဲ့ခွင့် ပေးရုံနဲ့ သတ်မှတ်လို့မရဘူး
အဲဒါတွေ လုပ်ပြရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ရင်တော့ မြန်မာနိုင်ငံသားတွေဟာ မကြာခင်မှာ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ်၊ ဖီလစ်ပိုင် .. စတဲ့ နိုင်ငံတွေမှာ ကျွန်ဇာတ်ကဖို့ ဇာတ်တိုက်ထားကြရတော့မှာ သေချာတယ်။
ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ချင်ရင် …
၁။ ပြည်တွင်းစစ် ချက်ခြင်းရပ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး
(တိုင်းပြည်လုံခြုံရေး အကြောင်းပြပေမယ့် လက်တွေ့မှာ သေချာတာက တိုင်းရင်းသား တပ်တွေက သူတို့ ခြေကုပ်ယူထားတဲ့ နေရာထက် ကျော်ပြီး စစ်လိုက်မတိုက်ဘူး)
၂။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက် ဖွင့်မနေဘဲ .. နိုင်ငံရေး အကျဉ်းသားလို့ သံသယ ရှိသူအားလုံးကို ချက်ခြင်းလွှတ်
၃။ မြန်မာနိုင်ငံသားအားလုံးကို ဒီမိုကရေးစီ ဖေါ်ဆောင်ခွင့်ထဲပါ လွတ်လပ်စွာ ပါဝင်နိုင်ခွင့် ဖန်တီးပေး၊ ပြီးနောက် ပါဝင်လာအောင် တိုက်တွန်း နှိုးဆော်ပေး။
(ဒီမိုကရေစီဆိုတာ .. ဒီလို၊ ဟိုလို ဆိုပြီး အုပ်ချုပ်သူက ဝင်ပြီး ဆရာလုပ်စရာ မလို၊ အစိုးရဆိုတာ ပြည်သူလူထုရဲ့ မိဘ မဟုတ်ဘူး။ အစိုးရဆိုတာ ပြည်သူလူထုရဲ့ အသံတွေ တုံ့ပြန် ဆောက်ရွက်ရတဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်။ ပြည်သူတွေက လူညံ့တွေ မဟုတ်ဘူး။)
၎။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ဖန်တီးပေး
(အဲဒီ အသင်းအပင်းတွေက အစိုးရနဲ့ ပြည်သူကြား ထိန်းညှိပေးနိုင်မှာ ဖြစ်ပြီး၊ စီးပွားရေး၊ လူမှုရေး နိုင်ငံရေးတွေကိုလည်း ထိန်းကွပ်နိုင်မှာ ဖြစ်တယ်။)
ဒါတွေ လုပ်ဆောင်ပြီးမှသာ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ ရမှာဖြစ်တယ်။ 
(ဟုတ်ကဲ့) တကယ်မပြောင်းလဲသေးပါ။

Wednesday 23 January 2013

Siege of Kachin State: 2012



ကချင်ပြည်နယ်စစ်ပွဲ၏ သတင်းမှတ်တမ်းအကျဉ်းလေးတွေဖြစ်ပါတယ်။ မှားသည်/မှန်သည်ကိုတော့ ကိုယ်တိုင် ဝေဖန်ပိုင်းခြားကြည့်ကြပါ။ သို့သော်လည်း စစ်ဖြစ်ပြီဆိုရင်တော့ ပြည်သူနဲ့/တိုင်းပြည်ကတော့ အမြဲတမ်းနစ်နာစမြဲပါ။ ဒါကြောင့် ပြည်တွင်းစစ်ကို ရပ်တန့်အောင် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်နေကြတဲ့  အားလုံးသော မြန်မာနိုင်ငံသူ/နိုင်ငံသား(တိုင်းရင်းသားများအပါအ၀င်)အောင်မြင်စွာကြိုးပမ်းဆောင်ရွက် နိုင် ပါစေလို့ ဆုတောင်းပေးပါတယ်။

ပြည်တွင်းစစ်ကိုရပ်ကြပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူ မျိုးပေါင်းစုံ စုပေါင်းနေထိုင်ကျတယ်။ ဒါပေမဲ့ နား လည်မှုလေး အနည်းငယ် လွဲနေကျတယ်။ ဒါဟာဘာကြောင့်လည်း၊ အဖြေက ရှင်းပါတယ်။ စိတ်နေ သဘောထားလေးတွေ မပြုပြင်နိုင်ကျလို့ပါ။ ဒီလိုဘာကြောင့် ဖြစ်ခဲ့ရသလဲအကြောင်း အများကြီး ရှိပါတယ်။ အခု အချိန်မှာ ပြန်ပြီးပြောနေ ဖို့လည်း မလိုတော့ပါဘူး။တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ နဲ့ ပြည်သူ/ပြည်သား များ အားလုံး စုပေါင်း ညီညာမှ တိုင်းပြည်တိုးတက်မဲ့အချိန်အခါဖြစ်နေပါပြီ။ သို့သော် အခုအချိန် အထိ ပြည်တွင်းစစ်က မရပ်နိုင် သေးဘူး။ ဆက်လက်တိုက်နေကြဆဲ၊ အဲ့ဒီရဲ့ဆိုးကျိုးတွေက တိုင်းပြည်နဲ့ အများပြည်သူကို ထိခိုက်တာအများကြီးဖြစ်နေပြီ၊ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်။ ဒုက္ခသည် ဘ၀ရောက်ရတယ်။  တိုင်းပြည်ဆုံးရှုံးနစ်နာမှုတွေအများကြီးဖြစ်ရတယ်။ ပြည်တွင်းစစ်ဖြစ်ပြီဆိုရင် အဲ့ဒီဖြစ်တဲ့ဒေသမှာ အရာ အားလုံး ပျက်စီးဆုံးရှုံးရတယ်။ လူတွေအများကြီးသေကြရတယ်။ကလေးတွေ မိဘမဲ့ဖြစ်ရတယ်။ ဒါ့အပြင် အသက်မသေရင်တောင်မှ ဖော်ပြပါ သီချင်းလေးထဲကလို ဘ၀ဆိုးကျိုးတွေ ခံစားရတယ်။  လူဘ၀တွေ အများကြီး လူဖြစ်ရှုံးရတယ်။ စစ်တိုက်တယ်ဆိုတာ လက်နက်ရှိတဲ့သူနှစ်ဦး   အချင်းချင်းရန်ဖြစ်ကြတယ်လို့ ကျွန်တော်မြင်မိတယ်။ သူတို့အချင်းချင်းတိုက်ကျ၊ ခိုက်ကျပေ မဲ့ ပြည်သူတွေက ဒုက္ခရောက်ရတယ်။  ဒါကြောင့် မြန်မာပြည်ထဲက ပြည်တွင်းစစ် တိုက်နေကျတဲ့ သူတွေ  ပြည်သူနဲ့တိုင်းပြည်ရဲ့ မျက်နှာကို ပြန် ကြည်ြ့ကပါ ခင်ဗျာ။ နှစ်ဦးနှစ်ဖက်လုံး ပြေလည်အောင် ညှိနှိုင်းနိုင်မဲ့ နည်းလမ်းကို  အာလုံး ပေါင်းစည်းပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းနေပါတယ်။

Tuesday 22 January 2013

အနည်းငယ်သောဒဿနလေးတွေ

  သင်အနေနဲ့တစ်စုံတစ်ရာ နစ်နာဆုံးရှုံးရမှာကိုသိတဲ့တိုင် အမှန်တရားဖက်ကရဲဝင့်စွာ ရပ်တည်နိုင်ခြင်းဟာ သင့်ရဲ့သမာဓိရှိခြင်းဆိုတဲ့ အရည်အသွေးကို မှတ်ကျောက်တင်ခြင်းပါဘဲ။ (ဒေးဗစ်ဝိန်းဘော့စ်)

        သေးငယ်တဲ့ အပေါက်ကလေးတွေကနေ သင့်အိမ်ထဲကို တိုးဝင်လာတဲ့ နေရောင်ခြည်ကို ကြည့်ပြီး ဒါဟာဖြင့် နေ့အချိန်ဘဲလို့  ပြောလို့ရသလို ၊ လူတစ်ယောက်ရဲ့ အသေးအဖွဲ့ အပြုအမှု ကလေးတွေကို ကြည့်ပြီး သူဟာဘယ်လို အကျင့်စရိုက်ရှိမယ်ဆိုတာကို ပြောနိုင်ပါတယ်။ (ဆင်မြူယယ်(လ်)ဆမိုင်းလ်)